ブログ

blog

ミャンマーから日本へ!大阪ハイテクに進学した理由 ~前半~ 【With English and Burmese translation】

NEW

こんにちは!私は大阪ハイテクの人工知能学科でAIやロボットについて学んでいる、ミャンマーからの留学生です。

မင်္ဂလာပါ၊ ကျွန်တော်ကတော့ Osaka Hi-Tech က Artificial Intelligence ဌာနမှာ AI နဲ့ စက်ရုပ်တွေအကြောင်း ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံက နိုင်ငံတကာကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။

Hello! I’m a student from Myanmar studying AI and robotics at Department of Artificial Intelligence at Osaka College of High-Technology.

日本に来た理由

①ミャンマーから見て日本のテクノロジーがとても進んでいるから

日本のアニメや文化が好きだから

အကြောင်းအရင်း နှစ်ခုကြောင့် ဂျပန်ကို လာခဲ့တာပါ၊ ပထမအချက်က နည်းပညာက မြန်မာရဲ့ ရှုထောင့်ကနေ အရမ်းတိုးတက်နေလို့ ၊ ဒုတိယအနေနဲ့ ဂျပန် anime နဲ့ ယဉ်ကျေးမှုကို နှစ်သက်တာကြောင့်ပါ။

I came to Japan for two reasons: first, because technology is very advanced from Myanmar’s perspective, and second, because I love Japanese anime and culture.

そして、日本語学校の先生に、テクノロジーもAIも学べる大阪ハイテクを紹介されました。

ဂျပန်ကိုရောက်လာပြီးတဲ့နောက်မှာ ဂျပန်စာသင်ကျောင်းက ဆရာက နည်းပညာရော AI ပါ သင်ယူနိုင်တဲ့ Osaka Hi-Tech ကို ကျွန်တော်ကို မိတ်ဆက်ပေးခဲ့ပါတယ်။

Then, my Japanese language school teacher introduced me to Osaka College of High-Technology, where I could learn about technology and AI.

この記事で伝えたいこと

これから、この学校への入学を考えている皆さんへ。

ဒီကျောင်းမှာ စာရင်းသွင်းရန် စဉ်းစားနေသူတိုင်းအတွက်။

To everyone who is considering enrolling in this school.

特に私と同じように留学生として日本で学ぶことを考えているなら、きっと私と同じような不安を抱えているのではないでしょうか。

အထူးသဖြင့်၊ ကျွန်တော်လိုပဲ နိုင်ငံတကာကျောင်းသားတစ်ယောက်အနေနဲ့ ဂျပန်မှာ ကျောင်းတက်ဖို့ စဉ်းစားနေတယ်ဆိုရင် ကျွန်တော်နဲ့တူတဲ့ စိုးရိမ်ပူပန်စရာတွေ ရှိကောင်းရှိလိမ့်မယ်။

In particular, if you are thinking about studying in Japan as an international student like me, you probably have the same concerns as me.

海外の学校の講義に、本当についていけるだろうか?」と。

နိုင်ငံခြားကျောင်းရဲ့ သင်ခန်းစာတွေကို တကယ်လိုက်နိုင်ပါ့မလားဆိုပြီး။

“Will I really be able to keep up with classes at a school abroad?”

私も入学前、時間割に「電子電気回路」や「ロボットプロジェクト」、そして「3DCAD」といった専門的な授業の名前が並んでいるのを見て、期待と同時に大きな不安を感じたことを覚えています。

ကျောင်းမတက်ခင်အချိန်တုန်းကလည်း အချိန်ဇယားထဲမှာ “အီလက်ထရွန်းနစ်နှင့် လျှပ်စစ်ပတ်လမ်းများ၊ စက်ရုပ်ပရောဂျက်” နှင့် “3D CAD” ကဲ့သို့သောဘာသာရပ်နာမည်တွေကို မြင်ပြီး စိတ်လှုပ်ရှားမှုနှင့်အတူ စိုးရိမ်ပူပန်မှုတို့ကို ခံစားခဲ့ရတာကို သတိရမိပါတယ်။

Before I enrolled, I remember feeling both excitement and great anxiety when I saw the names of specialized classes such as “Electronic and Electrical Circuits,” “Robot Project,” and “3D CAD” lined up  on the timetable.

ですが、この学校の講義には、嬉しい驚きがありました。先生方の多くは、今も現場の第一線で活躍されているプロフェッショナルで、企業で働きながら私たちに教えてくれているのです。

ဒါပေမဲ့ ဒီကျောင်းရဲ့ သင်ကြားပို့ချမှုမှာတော့ ဝမ်းသာစရာ အံ့ဩစရာတစ်ခု ရှိပါတယ်။ ဆရာတော်တော်များများက လက်ရှိမှာ လုပ်ငန်းခွင်ရဲ့ ရှေ့တန်းကနေ အလုပ်လုပ်နေတဲ့ ပညာရှင်တွေဖြစ်ပြီး၊ ကုမ္ပဏီမှာ အလုပ်လုပ်ရင်းနဲ့ ကျွန်‌တော် တို့ကိုသင်ကြားပေးနေကြတာပါ။

However, I was pleasantly surprised by the lectures at this school. Many of the teachers are professionals who are still active on the front lines of the field, and they teach us while still working at companies.

私たちは教科書だけの理論を学ぶのではなく、今まさに社会で必要とされている実践的なスキルや知識を直接学ぶことができます。

ကျွန်တော်တို့ဟာ ကျောင်းသုံးစာအုပ်ထဲက သီအိုရီတွေကိုပဲ သင်ယူရတာမဟုတ်ဘဲ လက်ရှိလူ့ဘောင်အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ လက်တွေ့ကျတဲ့ ကျွမ်းကျင်မှုနဲ့ ဗဟုသုတတွေကို တိုက်ရိုက်သင်ယူနိုင်ပါတယ်။

Rather than learning theory from textbooks, we can directly learn practical skills and knowledge that are needed in society today.

これは、卒業後にどうすればいいかを理解し、準備するための最高の機会だと感じています。

ဒါဟာ ကျောင်းပြီးလို့ရှိရင် ဘာဆက်လုပ်ရမလဲဆိုတာကို နားလည်ဖို့နဲ့ ပြင်ဆင်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးလို့ ကျွန်တော်ခံစားရပါတယ်။

I feel this is the best opportunity to understand and prepare for what I want to do after graduation.

このブログでは、このユニークな講義が、私の入学前の不安を「将来への自信」に変えてくれた経験について、少しお話ししたいと思います。

ဒီဘလော့ဂ်မှာတော့ ဒီထူးခြားတဲ့သင်ခန်းစာတွေက ကျောင်းမတက်ခင်က ကျွန်တော်ရဲ့ စိုးရိမ်ပူပန်မှုတွေကို “အနာဂတ်အတွက် ယုံကြည်မှု”အဖြစ် ဘယ်လိုပြောင်းလဲပေးခဲ့သလဲဆိုတဲ့ အတွေ့အကြုံအကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။

In this blog, I would like to talk a little about how this unique lecture transformed my pre-enrollment anxiety into confidence in the future.

私の経験談

電気回路 လျှပ်စစ်ပတ်လမ်း

最初にぶつかった大きな専門科目のひとつが電気回路でした。

ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ အဓိကဘာသာရပ်တစ်ခုက လျှပ်စစ်ပတ်လမ်းပါ။

One of the first major specialized subjects I encountered was electrical circuits.

正直に言うと、複雑な回路図や計算式が並ぶ最初の授業は、とても難しく感じました。

ရိုးရိုးသားသားပြောရရင်၊ ရှုပ်ထွေးတဲ့ circuit diagrams နဲ့ calculations တွေနဲ့ ပြည့်နေတဲ့ ပထမဆုံးသင်ခန်းစာက တော်တော်ခက်တယ်လို့ ခံစားရပါတယ်။

To be honest, I found the first class, filled with complex circuit diagrams and calculations, very difficult.

留学生である私が、この抽象的な概念を本当に理解できるだろうかと不安になったほどです。

နိုင်ငံခြားကျောင်းသားတစ်ယောက်အနေနဲ့ ဒီလိုသဘောတရားကို တကယ်နားလည်နိုင်ပါ့မလားဆိုပြီး စိုးရိမ်မိတဲ့အထိပါပဲ။

I even became worried whether I, an international student, would be able to truly understand this abstract concept.

しかし、この授業の本当の面白さは、最後の課題制作のときです。

ဒါပေမဲ့ ဒီသင်ခန်းစာရဲ့ တကယ့် စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ နောက်ဆုံး assignment လုပ်တဲ့အချိန်ပါပဲ။

However, the real fun of this class came with the final project.

そのテーマは「自分の作りたいものを、何でも作っていい」というものです。

အဲ့ဒီခေါင်းစဉ်ကတော့ “ကိုယ်ဖန်တီးချင်တဲ့အရာကို ဘာမဆို ဖန်တီးလို့ရတယ်” ဆိုတာပါပဲ။

The theme is “You can make anything you want to make.”

私は植物を育てるのが好きなのですが、つい水をあげるのを忘れてしまいがちでした。そこで、「自動で植物に水をあげてくれるシステム」を作ろうと思いついたのです。

ကျွန်တော်က အပင်စိုက်ရတာကို ကြိုက်ပေမဲ့၊ ရေလောင်းဖို့ကိုတော့ မကြာခဏ မေ့တတ်ပါတယ်။ အဲ့ဒါနဲ့ “အလိုအလျောက် အပင်တွေကို ရေလောင်းပေးတဲ့ စနစ်” တစ်ခုကို ဖန်တီးဖို့ အကြံရသွားတော့တာပါပဲ။

I love growing plants, but I often forget to water them, so I came up with the idea of ​​creating a system that would automatically water plants.

自分のアイデアを提案することに少し緊張しましたが、先生はとても協力的でした。

ကျွန်တော့်ရဲ့ စိတ်ကူးတွေကို တင်ပြဖို့ နည်းနည်း စိတ်ပူမိပေမယ့် ဆရာက အရမ်းထောက်ခံပါတယ်။

I was a little nervous about presenting my ideas, but the teacher was very supportive.

先生から的確なアドバイスと方向性を示していただき、そのおかげで、私は自分で回路を設計し、はんだ付けまで行うことができました。

ဆရာက တိကျတဲ့အကြံဉာဏ်တွေနဲ့ လမ်းညွှန်မှုတွေ ပေးခဲ့တဲ့အတွက်၊ အဲ့ဒီကျေးဇူးကြောင့် ကျွန်တော် ကိုယ်တိုင် ဆားကစ်ကို ဒီဇိုင်းဆွဲတာကနေ ဂဟေဆက်တဲ့အထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Thanks to the teacher’s accurate advice and direction, I was able to design the circuit myself and even solder it.

作った自動水やり機の電気回路です!

ဒါက ကျွန်တော်လုပ်ထားတဲ့ အလိုအလျောက် ရေလောင်းစက်အတွက် လျှပ်စစ်ပတ်လမ်းပါ။

This is the electrical circuit for the automatic watering machine I made!

自分の作ったシステムが、初めて正しく植物に水をあげた瞬間は、本当に感動しました。

ကိုယ်တိုင်ဖန်တီးထားတဲ့ ရေလောင်းတဲ့စနစ်က ပထမဆုံးအကြိမ်အဖြစ် အပင်ကို မှန်မှန်ကန်ကန် ရေလောင်းပေးလိုက်တဲ့ အခိုက်အတန့်မှာ တကယ့်ကို စိတ်လှုပ်ရှားပြီး ကြည်နူးမိပါတယ်။

I was really excited and touched when the system I created correctly watered the plants for the first time.

このプロジェクトは、私に電子回路以上の大切なことを教えてくれました。それは、この学校が、教科書の内容を教えるだけではないということです。

ဒီပရောဂျက်က ကျွန်တော်ကို အီလက်ထရောနစ် ဆားကစ်ပညာရပ်ထက် ပိုပြီးတန်ဖိုးရှိတဲ့အရာတွေကို သင်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ ဒီကျောင်းဟာ ကျောင်းစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကိုပဲ သင်ကြားပေးနေတဲ့ နေရာတစ်ခုမဟုတ်ဘူး ဆိုတဲ့အချက်ပါပဲ။

This project taught me something more important than just electronic circuits: that this school doesn’t just teach textbook content.

VR・AR実習 သင်တန်း

「VR・AR」と聞くと、難しい最先端の技術を想像するかもしれません。しかしこの授業では、そうした原理を応用して、AR(拡張現実)と呼ばれるインタラクティブな体験を創り出す方法を学びます。

“VR/AR” လို့ ကြားလိုက်တာနဲ့ ခက်ခဲရှုပ်ထွေးတဲ့ နောက်ဆုံးပေါ်နည်းပညာတစ်ခုကို စိတ်ကူးထဲမှာ မြင်ယောင်မိနိုင်ပါတယ်။ ဒါပေမဲ့ ဒီသင်ခန်းစာမှာတော့ အဲ့ဒီလို အခြေခံသဘောတရားတွေကို အသုံးချပြီး AR (Augmented Reality) လို့ခေါ်တဲ့ အပြန်အလှန်တုံ့ပြန်မှုရှိတဲ့ အတွေ့အကြုံတွေကို ဖန်တီးပုံဖန်တီးနည်းကို လေ့လာပါတယ်။

When you hear the words “VR/AR,” you might imagine difficult, cutting-edge technology. However, in this class, you will learn how to apply those principles to create an interactive experience called AR (Augmented Reality).

この授業では、私は「MenuAR」という事業計画を考えました。これは、飲食店のテーブルに実物大の料理を3Dモデルで表示するARメニューシステムです。

ဒီသင်ခန်းစာမှာ ကျွန်တော်က “MenuAR” လို့ခေါ်တဲ့ စီးပွားရေးစီမံကိန်းတစ်ခုကို စဉ်းစားတင်ပြခဲ့ပါတယ်။ ဒါကတော့ စားသောက်ဆိုင်ရဲ့ စားပွဲပေါ်မှာ အရွယ်အစားအစစ်အမှန်အတိုင်း ဟင်းလျာတွေကို 3D model တွေနဲ့ ပြသပေးနိုင်တဲ့ AR menu system တစ်ခုဖြစ်ပါတယ်။

In this class, I came up with a business plan called “MenuAR,” an AR menu system that displays life-size 3D models of dishes on restaurant tables.

お客様が注文前に料理のイメージを正確に掴めるようにすることで、「言語の壁」や「想像と違った」というレストランやお客さんが抱える現実の課題を解決することを目的としました。

ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်ကတော့ ဧည့်သည်တွေအနေနဲ့ ဟင်းလျာတွေကိုမမှာခင်မှာ ပုံရိပ်အစစ်အမှန်ကို တိတိကျကျ မြင်ယောင်နိုင်အောင် ကူညီပေးခြင်းအားဖြင့် “ဘာသာစကားအခက်အခဲ” နဲ့ “စိတ်ကူးထဲကနဲ့မတူဘူး” ဆိုတဲ့ စားသောက်ဆိုင်တွေနဲ့ ဧည့်သည်တွေ လက်တွေ့မှာကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဖြစ်ပါတယ်။

The goal was to solve real-world problems faced by restaurants and customers, such as language barriers and the food being different from what they expected, by allowing customers to get an accurate idea of ​​the food before ordering.

この授業で作成した、ARメニューシステム「MenuAR」の画面です。

ဒါကတော့ ဒီသင်ခန်းစာမှာ ဖန်တီးခဲ့တဲ့  AR မီနူးစနစ် “MenuAR” ရဲ့ screen ပဲဖြစ်ပါတယ်။

This is a screen shot of the AR menu system “MenuAR” created in this class.

この授業は、世の中に影響を与える革新的なサービスや、新しい顧客体験を生み出すための土台になるのだと、このプロジェクトを通して実感しました。

ဒီပရောဂျက်ကနေတစ်ဆင့် ကျွန်တော် လက်တွေ့ကျကျ သဘောပေါက်လိုက်တာကတော့၊ ဒီသင်ခန်းစာဟာ လောကကိုလွှမ်းမိုးနိုင်တဲ့ ဆန်းသစ်တဲ့ဝန်ဆောင်မှုတွေနဲ့ customer တွေအတွက် အတွေ့အကြုံသစ်တွေ ဖန်တီးပေးဖို့အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်တယ်ဆိုတာပါပဲ။

Through this project, I realized that this class will serve as the foundation for creating innovative services and new customer experiences that will have an impact on the world.

ဒုတိယပိုင်းတွင် ဆက်လက်ကစားခဲ့သည်။

Continued in the second half

後半へつづく↓

https://www.osaka-hightech.ac.jp/blog/62349

 


AI・ITだけでなく3Dのデザイン技術やロボット開発も学べる、人工知能学科のオープンキャンパスはこちらの画像リンクから!

人工知能学科スペシャルイベントページへのバナー画像です


オープンキャンパス・資料請求はこちら

ブログ カテゴリー